Pages

Pages

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၁၆

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအုပ်စု ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် TOYOTA PROBOX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် စိုင်းလှဝင်း(ခ) လှဝင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလှဝင်း(ခ) လှဝင်း (၄၂) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။            


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment