Pages

Pages

ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်


ဇီးကုန်း ၊ မေ  ၂၃

၂၀၂၄-၂၀၂၅ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၀၄) ကျောင်း၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ဆရာမများမှ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်ခြင်းကိုလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် KG မှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံများကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်းတို့၌ မေလ (၂၃) ရက်နေ့မှ  ဇွန်လ (၂) ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင့်ဆွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment