Pages

Pages

စေတုတ္တရာမြို့နယ် လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်






စေတုတ္တရာ  ၊ မေ  ၂၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လက်ပံကျင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု ၁၃၅ စုအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင်(၁၃၅)စုအတွက် စုစုပေါင်းထောက်ပံ့‌ငွေကျပ်(၂၆၄၇၂၀၀)နှင့် ပစ္စည်း(၁၆)မျိုးပါဝင်သော ကျားလုံချည်၊ မလုံချည်၊ တဘက်၊ ဆပ်ပြာ၊ တီရှပ်(၂၇၀)ထည်၊ စတီးဇွန်းချောင်း(၂၇၀)၊ စတီးဇလုံ၊ စတီးဓား၊ စတီးပန်းကန်ပြား၊ စတီးသောက်ရေခွက်၊ ပလတ်စတစ်ရေချိုးခွက်၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်၊ ဒန်အိုး၊ လေးထောင့်ပလပ်စတစ်ပုံးတစ်မျိုးလျှင် (၁၃၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းကိုကို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းမင်းဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်နှင့် အဖွဲ့ဝင်များမှ ထောက်ပံ့ပေးအပ်ရာ လက်ပံကျင်း‌ကျွေးရွာ အုပ်ချုပ်ရေးမှူးနှင့်‌ ကျေးရွာနေပြည်သူများက လက်ခံရယူသည်။


ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မကွေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့သော လက်သမားသုံးပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်မှ ပေးအပ်ရာ လက်ပံကျင်းကျေးရွာနေ ပြည်သူမှလက်ခံခြင်း၊ စေတုတ္တရာမြို့နယ် စေတနာရှင်ပြည်သူများဖြစ်သာအမှတ်(၁)ရပ်ကွက်မှ ငွေကျပ်(၁၇၀၀၀၀၀)သိန်း၊ ဆန်အိတ်(၇)အိတ်၊ အဝတ်အစားထုတ်(၁၀)ထုတ်နှင့် အမှတ်(၂)ရပ်ကွက်မှ ‌ထောက်ပံ့ငွေကျပ်(၁၉၁၃၅၀၀)ကျပ်နှင့် ဆန်(၁၈)အိတ်၊ ကြက်သွန်အိတ်(၃)အိတ်၊ အဝတ်အစားထုပ်(၈၄)ထုပ်၊ ပန်းကန်ခွက်ယောက်(၁၀)အိတ်တို့အား အမှတ်(၁)နှင့် အမှတ်(၂) ရပ်ကွက်အုပ်‌ချုပ်ရေးမှူးတို့မှ အသီးသီးပေးအပ်ခဲ့၍ ထောက်ပံ့ပေးအပ်မှုများအတွက် လက်ပံကျင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် လက်ပံကျင်းကျေးရွာ၌ မေ(၁၈)ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုလူနေအိမ်(၁၃၅)လုံး မီးလောင်ဆုံရှုံးမှုဖြစ်ပေါ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမြို့နယ်ရှိ ရပ်ကွက်များမှ စေတနာရှင်များ၏ ထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာစောက်ရှောက်မှုနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment