Pages

Pages

ဟားငါးကောင်အငြိမ့်အဖွဲ့ဝင် အကြမ်းဖက်လှုံ့ဆော်သူ လူရွှင်တော် ဝိုင်းကျော် နာရေး





ဟားငါးကောင်အငြိမ့်အဖွဲ့မှ အကြမ်းဖက်လှုံ့ဆော်သူ လူရွှင်တော်ဝိုင်းကျော် အသက် ၃၈ နှစ်ရဲ့ နာရေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မေ ၂၄ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဟားငါးကောင်အငြိမ့်အဖွဲ့ဝင် အကြမ်းဖက်လှုံ့ဆော်သူ ဟာသလူရွှင်တော် ဝိုင်းကျော်ဟာ အသည်းရောဂါနဲ့ မေလ ၂၂ ရက်နေ့က မဲဆောက် ဆေးရုံကြီးမှာတက်ရောက်ဆေးကုသစဉ် ကွယ်လွန်ခဲ့ပြီး ဒီကနေ့မှာ သူ့ရဲ့ နာရေးကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

ဟားငါးကောင်အငြိမ့်အဖွဲ့ ဟာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ရန် မြန်မာ - ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment