Pages

Pages

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံလက်ခံခြင်း ဆက်လက်ဆောင်ရွက်ပေး





ဒဂုံမြောက်  ၊  မေ  ၂၅    


“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”

ကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံ‌ရေး သီတင်းပတ်အဖြစ် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် ၉ နာရီတွင် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင် အထက်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းလွန်‌ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၂၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၃၂) ကျောင်းတို့တွင် အတန်းအသီးသီးသို့ လာရောက်အပ်နှံကြသော ကျောင်းသား၊ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ မူလတန်းအဆင့် ကျောင်းသား/ သူလေးများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ စသည်တို့ကိုလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူလေးများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်တို့ကိုလည်းကောင်း (အခမဲ့) ထောက်ပံ့ပေးပြီး မိဘအုပ်ထိန်းသူများ အဆင်ပြေစွာ‌ ကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။


မြင့်မြင့်ရီ 

https://t.me/MyanmarNationalPost

No comments:

Post a Comment