Pages

Pages

အလုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ



အလုံ၊ မေလ ၁၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအပ်နှံရေးကော်မတီမှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ လူစည်ကာရာနေရာများတွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်များကို လိုက်လံစိုက်ထူခဲ့သည်။

အလုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၆) ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်တင်ချို 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment