Pages

Pages

အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ


ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ၂၀၂၄ ခုနှစ် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ အင်းလျားကန်ရှိ ရန်ကုန်ရွက်လှေအသင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၄ ခုနှစ် အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲတွင် ဆုရရှိသည့်အားကစား သမားများကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲကြီးကို ရန်ကုန်မြို့ရှိ အင်းလျားကန်နှင့်ဧရာဝတီတိုင်း ရှိ ငွေဆောင်တွင် မတ် ၁၆ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် Optimist Class တွင် ၂၄ ဦး၊ ILCA-4 တွင် ငါးဦး၊ ILCA- 6 (Men) တွင် ငါးဦး၊ ILCA- 6 (Women )တွင် လေးဦးတို့ Ngw-esaung Yacht Club & Resort တွင်လည်းကောင်း၊ Sharpie A တွင် ၁၄ ဦး၊ B တွင် ၁၄ ဦး၊ C တွင် ၁၄ ဦး စုစုပေါင်း ၄၂ ဦးနှင့် Rater တွင် ၁၆ ဦးတို့က အင်းလျားကန်တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ယခုကျင်းပသည့် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ ဆုပေးပွဲသည် ရန်ကုန်ရွက်လှေအသင်း နှစ် (၁၀၀) ပြည့်နှင့် တိုက်ဆိုင်သည့် ဂုဏ်ပြုအခမ်းအနားဖြစ်ပြီး အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က တစ်နှစ်တာအတွင်း ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများအနက် အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment