Pages

Pages

အနန္တဂုဏလောကမာရဇိန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထက်သို့ ပင့်ဆောင်တင်လှူခြင်း အခမ်းအနားကျင်းပ






ငါးသိုင်းချောင်း၊ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အနန္တဂုဏလောကမာရဇိန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထက်သို့ ပင့်ဆောင်တင်လှူခြင်း အခမ်းအနားကို ယနေ့နံနက်(၆း၀၀)က ဘုရားဝန်းအတွင်းရှိ ချမ်းသာကြီးတန်ဆောင်းတွင် စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘဒ္ဒန္တ သံဝရာဘိဝံသထေရ် ရွှေရေးဆောင်တိုက် ပဓါနနာယကဆရာတော် (သာသနဓဇသိရီပဝရဓမ္မာစရိယ၊အဘိဓမ္မပါဠိပါရဂူ၊အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယက)နှင့် သြဝါဒဆရာတော်ကြီးများမှ ငါးပါးသီလချီးမြင့်ခြင်းနှင့် မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် စိန်ဖူးတော်ကို ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များမှ စေတီတော်ကြီးအား လက်ယာရစ်(၃)ပတ် လှည့်လည်ကာပူဇော်ခဲ့ပြီး  မင်္ဂလာသြဘာရတုများဖြင့် ရွတ်ဖတ်ပူဇော်ကာ စိန်ဖူးတော်အား မင်္ဂလာပန်းရထားဖြင့် စေတီတော်အထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အခမ်းအနားသို့် ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းချစ်အေး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးရဲသီဟထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုကို၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ ငါးသိုင်းချောင်းနယ်မြေစခန်းမှူး ဦးတင်လင်းထွဋ်၊ မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နေပြည်သူများ လာရောက်ဖူးမျှော်ကာ အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ​သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment