Pages

Pages

ဇမ္ဗူသီရိမြို့နယ်၊ ရောင်နီဦးစာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ


ဇမ္ဗူသီရိ  ၊  မေ  ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရောင်နီဦး စာကြည့်တိုက်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက လူငယ်နှင့် ဥပဒေခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား စာမှတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို  ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment