Pages

Pages

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစံပြ ကျေးရွာဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

 




အထက်မင်းလှ  ၊  မေ  ၂၀


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် ကိုရီးယားနိုင်ငံအထောက်အပံ့ဖြင့် SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြ ကျေးရွာဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း မြို့နယ်အဆင့်ကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး     ဦးစိုးသိန်းတို့က ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြကျေးရွာဆိုင်းဘုတ်အား  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပန်းတော်ပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း မြို့နယ်အဆင့်ကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံပြီး ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြကျေးရွာနှင့်ပတ်သက်၍     လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏထွန်းက ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း မြို့နယ်အဆင့်ကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ပန်းတော်ပြင်အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment