Pages

Pages

အိန္ဒိယနိုင်ငံမှ ဘွဲ့ခံဆရာတော်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကျင်းပ






နယူးဒေလီ၊ မေ ၂၉

အိန္ဒိယနိုင်ငံမှ ဘွဲ့ခံဆရာတော်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ”နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို မေ  ၂၆ ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်များအဖြစ် နိုင်ငံတော်သြဝါဒါ စရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ကုသိနာရုံ မြန်မာကျောင်းတိုက်မှ အဓိပတိပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့က ကြွရောက်ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓဘာသာနိုင်ငံများမှ သံအမတ်ကြီးများ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်းစုံမှ ဆရာတော်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ဧည့်သည်တော် သီတဂူဆရာတော်ကြီးနှင့် ကုသိနာရုံ ဆရာတော်ကြီးတို့က သြဝါဒစကားချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်အစိုးရ ကိုယ်စား မြန်မာသံအမတ်ကြီးက အိန္ဒိယနိုင်ငံမှ ဘွဲ့ခံဆရာတော်များဖြစ်သည့် Ven. Bhikkhu Sanghasena ၊ မဟာဗောဓိအပြည်ပြည်ဆိုင်ရာ တရားရိပ်သာ ဒေါက်တာဘဒ္ဒန္တဓမ္မပီယ၊ ဓမ္မဒီပ ပညာရေးကျောင်းနှင့် ဒေါက်တာ ဘဒ္ဒန္တယသ၊ ဉူးစန္ဒြမဏိ ဆိုနော်လီ မြန်မာကျောင်းတိုက်တို့အား သာသနာ့ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်အပ်နှင်းခဲ့ပြီး လူမှုထူးချွန်သူလေးဦးကိုလည်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆု (International Buddha Peace Awards)များ အပ်နှင်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment