Pages

Pages

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr Iskander K. Azizov လာရောက်တွေ့ဆုံ












နေပြည်တော်၊ မေ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr Iskander K. Azizov ဦးဆောင်သောအဖွဲ့ ယနေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံသွားကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက "ဒီကနေ့ (၂၀၂၄ မေ ၃) မနက်ပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr Iskander K. Azizov ဦး‌ဆောင်တဲ့ အဖွဲနဲ့  ပါတီဌာနချုပ်၊ ဧည့်ခန်းမ မှာတွေ့ဆုံခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံတကာရေးရာဌာနက ဗဟိုအလုပ်အမှုဆောင်များလည်း ပါဝင်တက်ရောက်ကြပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီးဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ မှာ လွတ်လပ်သောအချုပ်အခြာပိုင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီးနောက် တစ်လအကြာ ဖေဖော်ဝါရီလမှာ ရုရှား-မြန်မာ သံတမန် ဆက်သွယ်ရေးကို စတင်တည်ထောင်နိုင်ခဲ့တာဖြစ်လို အခုဆိုရင်နှစ်ပေါင်း (၇၅) နှစ်တိတိကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံမှုမှာ သမိုင်းတစ်လျှောက်တည်ရှိခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေး တိုအပေါ်အခြေခံပြီး မိမိတိုပါတီနဲ့ United Russia Party တိုအကြားဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေအပေါ် အသေးစိတ် ဆွေးနွေးမှုပြုခဲ့ကြပါတယ်။" ဟု ရေးသားထုတ်ပြန်ထားသည်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲသစ်ရဲ့ (၁) နှစ်ခွဲကျော်ကာလအတွင်း Russia United Party နဲ့ အစည်းအဝေးတွေ၊ ဖိုရမ်တွေ၊ တွေ့ဆုံမှုတွေ၊ Virtual Zoom Meeting တွေအပါအဝင် (၁၀)ကြိမ်ခန့် တွေ့ဆုံခဲ့ပြီးဖြစ်လို ပါတီနှစ်ခုအကြားအပြုသဘောဆောင်တဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့တယ်လိုလည်းသုံးသပ်ရမှာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment