Pages

Pages

KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်



နေပြည်တော်၊ မေ ၂၂

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည်ပေ ၂၆၀၊ အကျယ်ပေ ၃၀ ရှိ ထီးစဲခါးတံတားအား KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လုံခြုံရေးဆောင်ရွက်ပြီး ဆီဆိုင်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် မေ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များ ၁၃ တန်အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment