Pages

Pages

ထိုင်းသံရုံး၊ ရန်ကုန်တွင် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ စာရွက်စာတမ်းများ တရားဝင်ကြောင်း ထောက်ခံချက် (legalization services) ပြုလုပ်ပုံအဆင့်ဆင့်ကို အသိပေးကြေညာ


ရန်ကုန်၊ မေ ၁၀

ထိုင်းသံရုံး၊ ရန်ကုန်တွင် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ စာရွက်စာတမ်းများ တရားဝင်ကြောင်း ထောက်ခံချက် (legalization services) ပြုလုပ်ပုံအဆင့်ဆင့်ကို အသိပေးကြေညာထားပြီး ထောက်ခံချက်ပေးမည့် စာရွက်စာတမ်းများတွင် မြန်မာအစိုးရ သိုမဟုတ် အာဏာပိုင် အဖွဲ့အစည်းများက ထုတ်ပေးထားသော အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမိတ္တူ၊ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် အခြားသော အစိုးရစာရွက်စာတမ်းများပါဝင်ကြောင်း၊ စာရွက်စာတမ်းများကို သံရုံးသိုမတင်ပြမီ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရန်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနထံမှ ထောက်ခံချက်ယူထားရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

သံရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးပေးလိုက်သော တာဝန်ရှိသူများ၏ လက်မှတ်ကိုသာ ထောက်ခံချက်ပေးခြင်းဖြစ်ပြီး ဘာသာပြန်ဆိုချက်များအပေါ်တွင် တာဝန်မခံကြောင်း ဖော်ပြထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment