Pages

Pages

NUG အကြမ်းဖက်အဖွဲ့မှ ဇော်ဝေစိုး ဂျပန်ကို ကပ်လိုက်လာပြီး ဖျာဝင်ခြင်းဖြစ်ကြောင်း သက္ကမိုးညို ဖော်ထုတ်


ရန်ကုန်၊ မေ ၁၇

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက KNUနှင့် KNPP မှ ပုဂ္ဂိုလ် ၂ဦးကို လက်ခံတွေ့ဆုံခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် NUG အကြမ်းဖက်အဖွဲ့မှ ဇော်ဝေစိုး ပါဝင်လာခြင်းမှာ ကပ်လိုက်လာပြီး ဖျာဝင်ခင်းဖို့ ကြိုးစားခြင်းဖြစ်ကြောင့် NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ရပ်များကို ဖော်ထုတ် ပြောဆိုနေသည့် သက္ကမိုးညို က ပြောဆိုထားသည်။

သက္ကမိုးညို က "ဂျပန်က KNU နဲ့ KNPP ကို ခေါ် ဆွေးနွေးတယ်၊ NUG က ဇော်ဝေစိုးက ကပ်လိုက်ပြီး ဝင်ဖျာခင်းဖို့ ကြိုးစားတယ်၊ ဂျပန်က အတွေ့မခံဘူး။ ဒီတော့ သတင်းစာရှင်းပွဲမှာ ဇွတ်ဝင်ထိုင်ပြီး သူတို့ ပါသယောင်ယောင် ဂျင်းထည့်တယ်၊ NUG အဆင့်က ဆွေးနွေးပွဲမှာ နောက်မြီးက ဆွဲလိုက်ရ လိုက်ရဆိုတဲ့ အဆင့်ရောက်သွားပြီ။ I am just reporting ပါ။" ဟု ပြောဆိုထားသည်။

KNU အဖွဲ့၏ မီဒီယာဖြစ်သော KIC မှ ဖော်ပြရာတွင် "ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP  ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ နိုင်ငံခြား ရေးဌာန ဒု-ဝန်ကြီးမစ္စတာ KOMURA Masahiro တို့ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ပြုလုပ်သော တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းသွားနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။" ဟု ဖော်ပြခဲ့သည်။ 

အဆိုပါ သတင်းဖော်ပြချက်တွင် NUG အကြမ်းဖက်အဖွဲ့မှ ဇော်ဝေစိုး ပါဝင်ခြင်းမရှိခဲ့ဘဲ ယမန်နေ့က ထုတ်ပြန်သည့် သတင်းတွင် မြန်မာနိုင်ငံရှိဒုက္ခသည်ပြည်သူ ၃ သန်းအတွက် လူသားချင်းစာနာမှုအကူအညီများပေးရန် NUG နှင့် ERO တို့က ဂျပန်အစိုးရအား တောင်းဆိုခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်ကို ကိုးကားရေးသားထားသည်ကို တွေ့ရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment