Pages

Pages

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်




နေပြည်တော်၊ မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာ ကျေးရွာကို ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၄) ဦး ဗုံးစထိမှန်ဒါဏ်ရာများ ရရှိခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်း  စစ်ရေးနှင့် မသက်ဆိုင်သည့် အေးချမ်းစွာနေလိုသည့် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ အတွင်းရှိ နေအိမ်အလုံး (၅၀)ခန့် မီးလောင်ဆုံးရှုံး ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်   နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားသည်။


ထို့နောက် ကျေးရွာရှိ ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း သည့် အလှူငွေ ကျပ် (၃၄၆) သိန်းနှင့် ငွေကျပ် သိန်း(၁၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ  တို့ကို လည်းကောင်း၊  တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀) နှင့် ဆန် (၂၅) အိတ်၊ ဆီ (၅၀) ပိဿာ၊ ပဲ (၅၀) ပိဿာ၊ ဆား (၂၅) ပိဿာ တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment