Pages

Pages

တန့်ယန်းမြို့နယ်တွင် Smart Cart ဆောင်ရွက်နိုင်ရန်အတွက် အပတ်စဉ် စနေနေ့တိုင်း တုံကင်ထုတ်ပေးခြင်းများဆောင်ရွက်




တန့်ယန်း  ၊  မေ  ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်လက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူပြီး Smart Cart ဆောင်ရွက်နိုင်ရန် အပတ်စဉ်စနေနေ့တိုင်း တုံကပ် ထုတ်ပေးခြင်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့က ဆက်လက်ဆောင်ရွက်ပေးနေသည်။

အဆိုပါ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်လက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်လက် (Biometric) ကောက်ယူပြီး Smart Cart ဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက ပြည်သူများ၏ စာရင်းဇယား အချက်အလက်များ မှန်ကန်မှုရှိစေရေး စိစစ်ခြင်း၊ စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း၊ လက်ဗွေ စကန်ဖတ်ခြင်း၊ မျက်နှာစကန်ဖတ်ခြင်း၊ အချက်လက် အတည်ပြုခြင်း ဆောင်ရွက်၍ အတည်ပြုချက်ပုံစံအား ထုတ်ပေးနေလျက်ရှိသည်။

Smart Cart ပြုလုပ်သူ များပြားသည့်အတွက် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ တုံကင်များ ထုတ်ပေးနေကြောင်း၊ Smart Cart ဆောင်ရွက်ထားခြင်းဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက်များ မသမာသူများ ရယူသုံးစွဲခြင်းမှ ကာကွယ်နိုင်ခြင်းကြောင့် Smart Cart ပြုလုပ်ထားသင့်ကြောင်းနှင့် ပြုလုပ်သူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပြီး အခမဲ့ ဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment