Pages

Pages

မိုင်းကိုင်မြို့နယ်၌ ရဟန်း၊ ရှင်သာမဏေများ၏ နွေရာသီကာလ Summer School သင်တန်းဆင်းပွဲ ကျင်းပ



မိုင်းကိုင်  ၊  မေ  ၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အောက်စဖို့ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိအား အမှူးထား၍ ဖွင့်လှစ်ခဲ့သော ရဟန်း၊ ရှင်သာမဏေများ၏ နွေရာသီကာလ Summer School သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  နမောဿတ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက်  မြို့နယ် Summer School ကော်မတီ၏  ဦးစီးပဓာနနာယက၊ မွေတော်တောင်ကျောင်းဆရာတော်  ဘဒ္ဒန္တဆန္ဒာဓိက၊ ကျောင်းခန်းကျောင်းဆရာတော် ဘဒ္ဒန္တကုမာရ၊ ကျောင်းကန်ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒာဝရတို့က  သင်တန်းဆင်းဩဝါဒဂါထာတော်များမြွတ်ကြားပြီး မြို့နယ် Summer School ဥက္ကဋ္ဌ ဦးစိုင်းမီ၊ သင်ကြားရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်သန်းတို့က သင်တန်းကာလ  အတွေ့အကြုံနှင့် သင်ကြားရေးအခြေအနေများကို  လျှောက်ထားတင်ပြပြီး  သင်တန်းသား ရဟန်း၊ ရှင်သာမဏေ ၄၀ ပါးတို့၏  သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်း၊ သင်တန်းဆရာ/မ ၈၂ ဦးနှင့် ဆွမ်းကွမ်းဝေယျာဝစ္စအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများ ဆောင်ရွက်ကာ ကောင်းမှုကုသိုလ်အစုစုတို့အား လှူဒါန်းရေစက်ချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သင်တန်းသား ရဟန်း၊ ရှင်သာမဏေများ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ စေတနာရှင်အလှူရှင်များ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် မြို့နယ် Summer School ကော်မတီမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment