Pages

Pages

မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ




မိုင်းဆတ်  ၊  မေ  ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာ​ရေးနှစ် အလိုက်ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ တက်ရောက်လာသော (MSY/VRFP/VDP/RBF/Smart Village)စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာကော်မတီဝင်များက စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများကိုတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ခိုင်သဲစုပိုင်(မိုင်းဆတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment