Pages

Pages

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က (၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပ











မော်လမြိုင်၊ မေ ၁၃

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က (၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမဆောင်၌ အခမ်းအနားကို ကျင်ပဆောင်ရွက်ကြပြီး အဆိုပါအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက် ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးကြည်သိန်းနှင့် တွဲဘက် ဥက္ကဌ ဦးအောင်မိုး နှင့် အမှုဆောင်အဖွဲ့များ သြဝါဒစရိယဆရာတော်များ  (YMBA)မြို့နယ် အမှုဆောင်အဖွဲ့များ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသာ/ ကျောင်းသူများ၊ တက်ရောက်ကြ၍ အခမ်းအနားကို နေ့ခင်း ၁ နာရီ အချိန်၌ ဖွင့်လှစ်ကြသည်။

အခမ်းအနားတက်ရောက်ကြသူများက နိုင်ငံတော်အလံအား ဦးညွှတ် အလေးပြု ကြပြီး မျိုးချစ်စိတ်နိုးကြားစေသော ဇာတိသွေး ဇာတိမာန် တေးသီးချင်းများ ဖြင့် ဖျော်ဖြေမှုများ တင်ဆက်ခဲ့ကြပြီး (၃၈)ဖြာမင်္ဂလာနှင့်ဗုဒ္ဓဝင်စာမေးပွဲ၌ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း ဆုရ ကိုရင်၊ သီလရှင်၊ ကျာင်းသား/သူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment