Pages

Pages

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့၏ တစ်နှစ်ပြည့်အခမ်းအနား ကျင်းပ


ရန်ကုန်၊ မေ ၁၉

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့၏ တစ်နှစ်ပြည့်အခမ်းအနားနှင့် အဖွဲ့၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းရှိ YMBA ဗဟိုရုံးဝင်း၌ ကျင်းပသည်။

ဦးစွာ ဧည့်ပရိသတ်များက အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလော ကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များအား ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့သြဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြသည်။

ယင်းနောက် သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးအဖွဲ့၏ ရုံးသစ်အား YMBA ဥက္ကဋ္ဌ ဦးရဲထွန်း နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA ကို ၁၉၀၆ ခုနှစ် မေ ၁၀ ရက်က စတင်တည်ထောင်ခဲ့ပြီး အမျိုးဘာသာသာသနာပညာရပ်များ၏ အကျိုးစီးပွားကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment