Pages

Pages

ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား





ဓနုဖြူ၊ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ(၃)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။   

ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအ.ထ.က(၁၂) ကျောင်း၊ အ.ထ.က(ခွဲ)(၁၁)ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁)ကျောင်း၊ အ.မ.က(၁၅၉)ကျောင်း၊ အ.မ.က(ခွဲ)(၂)ကျောင်း၊ မူလွန်(၈)ကျောင်း၊ ဘက(၃)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း(၂၁၁)တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ(၃၁၄၀၂)ဦးအပ်နှံပြီးစီးခဲ့ပြီး အဆိုပါ ဖွင့်လှစ်သင်ကြားလျက်ရှိသော ကျောင်းများတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment