ငါးသိုင်းချောင်း၊ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး ၊ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀ )နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ဆေးပေးခြင်း၊ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အလှူရှင်များမှအလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ အဘိုးအဘွားများအားကျန်းမာရေးစောင့်ရှောက် မှု့ကို ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျှက်ရှိရာ ယခုနှင့်ဆိုလျှင် (၄၃) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment