Pages

Pages

စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး




စေတုတ္တရာ၊ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင်‌ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သွယ်သွယ်အုန်းက ငလဲ၊ ကူတော်၊ ဒုန်ချောကျေးရွာများမှ တောင်သူ(၁၃၀)ဦးအား စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း၊ နှမ်းတစ်ဧကတစ်သိန်းနှုန်းဖြင့် လယ်မြေဧကပေါင်း(၄၈၀)ဧကအတွက် ငွေကျပ်(၅၆၅)သိန်းကို တောင်သူများ လက်ဝယ်သို့ ထုတ်ချေးပေးခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး‌ငွေးအား ယနေ့အထိ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ တောင်သူဦးရေ (၃၇၂)ဦးရှိပြီး မိုးစပါးဧက(၅၅၀)ဧက၊ နှမ်းစိုက်ဧက (၇၉၅) ဧက စုစုပေါင်းဧက (၁၃၄၅)ဧကအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ကျပ်သိန်းပေါင်း(၁၆၂၀.၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။


ဆန်းကိုကို

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment