Pages

Pages

နောင်ချိုမြို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန်လ ၁၉ ရက်နေ့ ၁၆၄၅ အချိန် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မဆိုင်းနူးပန် ၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၉၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၈၀)၊ အက်တက်စီဆေးပြား ၄၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း  ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

မဆိုင်းနူးပန်(၂၈)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment