မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု





ချမ်းအေးသာစံ၊ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်တွင် ၁၀လမ်း (၆၂လမ်း မှ အရှေ့မြို့ပတ်လမ်း) ကြား အထိ မူလလမ်းသားအကျယ် ၂၀ပေအား ဘေးချဲ့ ၁၄ပေ အခြေခံလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မဟာအောင်မြေမြို့နယ်တွင် ၆၂ လမ်း (၃၅ လမ်းနှင့် သိပ္ပံလမ်း) ကြား ဝဲ၊ ယာ ပလက်ဖောင်းနှင့် မနော်ရမ္မံရှေ့ လူလျှောက်လမ်းကျယ် ပြုလုပ်နေမှုများကို လည်းကောင်း၊ သိပ္ပံလမ်း၊ ၆၈ လမ်းနှင့် ၇၃ လမ်းကြား ရေစီးရေလာကောင်းမွန် ရေးမြောင်းဆယ်ဆောင်ရွက်နေမှု၊ မြောင်းနှင့် ခြံစည်းရိုးကြား အလှပန်းပင်များ စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ မနော်ဟရီလမ်း (၁၁၀)၊ ၆၂ လမ်းနှင့် ၇၃ လမ်း) နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုရာ စည်ပင် သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက မြို့တော်နယ်နိမိတ်အတွင်းရှိ ချောင်းကြီး၊ မြောင်းကြီးများ၊ ချောင်းသွယ်၊ မြောင်းသွယ်များ ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းဘေး ဝဲ၊ ယာ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများကို စီမံချက်များချမှတ်ပြီး လုပ်ငန်းကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်နေမှုများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီမြစ်ကမ်းနားလမ်း ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်း မန္တလေးဆိပ်ကမ်းသာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေသည့် (၃၅လမ်းနှင့် မရမ်းခြံဆိပ်) လုပ်ငန်းခွင်သို့လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ ဈေးဆောင်ရွက်မည့်နေရာသို့လည်းကောင်း ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မြို့တော်ဝန်၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။


ထွန်းထွန်းနိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)