Pages

Pages

ရွှေတောင်မြို့နယ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိ သည့်နွေစပါးစိုက်ခင်း များအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း မှုများ ဆက်လက်ဆောင်ရွက်

 



ရွှေတောင်  ၊  ဇွန်   ၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းနွေစပါးစိုက်ပျိုးထားသော လယ်မြေဧကများတွင်နွေစပါး များအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း မှုများ ဆက်လက်လုပ်ဆောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါနွေစပါးစိုက်ခင်း စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း ချိန်တွယ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စပါးတစ်ဧကအထွက်နှုန်း အစိုတင်း ( ၁၄၀ ဒဿမ၆၅) တင်းမှ ( ၁၇၀ ဒဿမ၆၅) တင်း ထိထွက်ရှိကြောင်းသိရသည်။ 

ရွှေတောင်မြို့နယ် အနေဖြင့်ယခုနှစ်နွေစပါးလျာထားဧက ( ၁၉၂၇) တွင် စိုက်ဧက ( ၂၅၇၉) စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ( ၆၅၂) ဧကကျော်လွန် စိုက်ပျိုး နိုင်ခဲ့ပြီးဗီယက်နမ် စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးများ စိုက်ပျိုးခဲ့ကြကြာင်းသိရသည်။ 

မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်မျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment