Pages
▼
Pages
▼
တောင်ကုတ်မြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝင်ဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကျင်းပ
တောင်ကုတ် ၊ ဇွန် ၂၆
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီအချိန်က မြို့မရဲစခန်းရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြား ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တောင်ကုတ်မြို့မရဲစခန်း ၏ မယ(ပ)၅/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ (၁၉)က /၂၀(က)/၂၁ အမှုမှ သက်သေခံပစ္စည်း ICE(၃.၆)ဂရမ် ၊ WY ဆေးပြား(၁၀၆)ပြားတို့အား မီးရှို့ဖျက်ဆီး ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် နှင့် တပ်ဖွဲဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment