Pages

Pages

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနန္ဒာဘိဝံသ ပစ်ခက်သတ်ဖျက်ခံရခြင်းနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက်




ရက်စွဲ။    ။၁၃၈၇ ခုနှစ် နယုန်လဆန်း (၁၄)ရက်

၂၀၂၄ ခုနှစ် (၆)လပိုင်း (၂၀)ရက် ကြာသပတေးနေ့

စာအမှတ်။     ။၆ / မ.မ.ရ.သ /၂၀၂၄ ရန်ကုန်


၁။ ယခင်မြန်မာပြည်အောက်ပိုင်း သာသနာ့ဝန်ထမ်း ရှင်ရဟန်းထောင်ပေါင်းများစွာအား မွေးထုတ်ပေးရာ ပဲခူးမြို့၊ ကြံခတ်ဝိုင်းကျောင်းတိုက်ကြီး၏ စာချနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် (၁၉.၆.၂၀၂၄) ခုနှစ် (၁၃၈၇ ခုနှစ်၊ နယုန်လဆန်း(၁၃)ရက် ဗုဒ္ဓဟူးနေ့ နေ့လည် (၁)နာရီအချိန်ခန့်တွင် ပြည်ဖျက်အကြမ်း ဖက်  လူသတ်မိစ္ဆာများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံရသည့်အတွက် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း ကြားသိရသည့်အတွက် သာသနာအတွက် မိသားစုညီကိုမောင်နှမ တပည့် ရဟန်းရှင်လူ ဒါယကာ ဒါယိကာမများနှင့်ထပ်တူ များစွာ စိတ်မကောင်းဖြစ်မိပါသည်။

၂။ လက်ရှိတွင် ဆရာတော်သည် ဝင်းနိမ္မိတာရုံ ပဋိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ကြီး ဖြစ်သည်။ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ဝိနယာဓိက သာမဏေကျော်  နိုင်ငံတော်အစိုးရ သာမဏေကျော်  ပဋိယတ္တိသာသနာဟိတ(သကျသီဟ)ဓမ္မာစရိယ. စေတီယဂ်ဏပဋိယတ္တိ ဓမ္မာစရိယ ဂန္ဓဝါစက သာသနာ့ဓဇဓမ္မာစရိယ အဂ်ုတ္တရနိကာယပါဠိပါရဂူ  အစရှိသော စာပေကျမ်းတတ်အကျော်မော် ဖြစ်သည့်အတွက် သာသနာအတွက် ဝင်းနိမ္မိတာရုံစာသင်တိုက်ကြီးအတွက် အကြီးမားဆုံးသော အစားထိုး မရသည့် ဆုံးရှုံးမှုကြီးဖြစ်ပါသည်။ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်အတူ ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ် ကန်သုံးဆင့်ပရိယတ္တိဆရာတော် ဘဒ္ဒန္တဂုဏိန္ဒာဘိဝံသပါ ပစ်ခက်ခံရသော်လည် ထိခိုက်ပွန်းပဲ့ရုံသာ ဖြစ်ပေါ် ခဲ့သည့်အတွက် စိတ်သက်သာခဲ့ရပါသည်။

၃။ မြို့သာမြို့နှင့် ကံမရွာကြားတွင် NLD ပါတီမှ ပေါက်ဖွားလာသော  ပြည်ဖျက် PDF လူသတ်အကြမ်းဖက် အဖွဲ့သည် ဆရာတော်ကြီးနှစ်ပါး စီးနင်းလိုက်ပါလာသောကားအား ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မှာ ပျံလွန်တော်မူ၍ ကျန်ဆရာတော်ကြီးတပါးနှင့် ကားမောင်းသူဒကာမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ NLD ပါတီမှ ပေါက်ပွားလာသော NUG, CRPH, PDF ပြည်တွင်းသစ္စာဖောက် အကြမ်းဖက် လူသတ် ပြည်ဖျက်အဖွဲ့များသည် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အပါအဝင် ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာပေါင်း (၉၂)ပါး ကျော်အား ယုတ်မာရက်စက်စွာ သတ်ဖျက်ခဲ့ကြသည်။ ထိုသို့ ဆရာတော်ကြီးများပါ ပစ်ခတ်သတ်ဖြတ်နေသည့် ပြည်တွင်း ပြည်ပ အဖျက်သမား ပြည်ပြေးလောက်ကောင်များနှင့် ပြည်တွင်း လက်နက်ကိုင်အကြမ်းဖက်မိစ္ဆာ ပူးပေါင်း PDFများအား အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အစိုးရအား တိုက်တွန်းတောင်းဆိုသည်။အချို့မီဒီညာများ၏ မဟုတ်မမှန် လုပ်ကြံရေးသား ထုတ်ပြန် ကြေညာခြင်းအပေါ် နိုင်ငံသူနိုင်ငံသား ကမ္ဘာသူ ကမ္ဘာသား အဖွဲ့အစည်းများ အားလုံးမှလည်း လုံးဝ(လုံးဝ) ကန့်ကွက် ရှုတ်ချသင့်ပါသည်။

၄။ ပြည်တွင်းတည်ငြိမ်အေးချမ်းမူ ပျက်ပြားအောင် ခေါင်းစဉ်မျိုးစုံတက်၍ ပြည်တွင်းအဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသော NLDပါတီမှ ပေါက်ပွားလာသည့် NUG, CRPH, PDF ပြည်ဖျက် အကြမ်း ဖက်အဖွဲ့များနှင့် ၎င်းတို့ကို ထောက်ပံ့အားပေးလုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် ထေရဝါဒဗုဒ္ဓမြတ်စွာသာသနာအား တန်ဖိုးထား လေးစားကြကုန်သော ရဟန်းရှင်လူပြည်သူပြည်သား ဒါယိကာ ဒါယိကာမများနှင့်ထပ်တူ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ သဘောထားကြေငြာချက် ထုတ် ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment