နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လူကြီးမင်းများခင်ဗျာ -
အောက်ပါတိုင်ကြားချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့မှ အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် နိုင်ငံတော်အကြီးအကဲများ သိရှိလမ်းညွှန်မှုပေးနိုင်ပါရန် တင်ပြလိုပါသည်။
(ပြည်သူလူထုအား မိမိတို့၏ အိုးအိမ်စည်စိမ်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် အသိပေးကြေညာခြင်း)
ပုံတွင် ပါရှိသော အမျိုးသမီးသည် ဒေါက်တာ ခင်ခင်စိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။
ထိုအမျိုးသမီးသည် ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒလမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်လျက်ရှိသော မြေနေရာများကို အတင်းအဓမ္မ ခြံစည်းရိုးများကာရံ၍ လုယူသိမ်းပိုက်လျက် ရှိပါသည်။
ထိုအမျိုးသမီးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး၊ ဒုဌာနမှူးများအား လဘ်ပေးလဘ်ယူပြုလုပ်ကာ မြေချပါမစ်အတုများ ပြုလုပ်ခဲ့ပါသည်။
ဒေါ်ခင်ခင်စိုးသည် ပါမစ်အတုများကို ကိုင်ဆောင်၍ ရပ်ကွက်နေပြည်သူလူထုအား ဂရန်ရပြီးဟု လိမ်လည်ပြောဆိုကာ ကြိမ်းမောင်းနှင်ထုတ်ခြင်းများကို အကြိမ်ကြိမ် လာရောက်ပြုလုပ်ခဲ့ပါသည်။ ပြည်သူများမှာ သူတို့တို့ပေးသော မပြောပလောက်သော လမ်းခရီးစရိတ်သာ ရရှိပါသည်။ တစ်ခါတရံတွင် လူမိုက်အဖွဲ့များကို ငှား၍ အုပ်စုဖွဲ့ကာ ပြည်သူများအား အနိုင်ကျင့်မှုများပါ ပြုလုပ်လျက်ရှိသည်။ ဘိုးဘွားပိုင်မြ၊ အိုးအိမ်မြေ၊ လုပ်ငန်းလိုင်စင်ရှိသောသူများကိုပင် ခြံစည်းရိုးကာရန်ခြင်း၊ ကျူးကျော်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ရပ်ကွက်နေပြည်သူလူထုမှ ဌာနဆိုင်ရာများအား တိုင်ကြားသည့်အခါတွင်လည်း ဆောင်ရွက်မပေးသည့်အပြင် ခေါင်းရောင်းနေသည်ကို တွေ့ရှိရသည်။ ဌာနဆိုင်ရာများမှာလည်း ဒေါ်ခင်ခင်စိုးနှင့် ပတ်သက်နေသည်ဟု ယူဆရပါသည်။ ဒေါ်ခင်ခင်စိုး ဘာလုပ်လုပ် မျက်ကွယ်ပြုပေးထားကြပါသည်။
ဒေါ်ခင်ခင်စိုးမှ အိမ်၊ ခြံ၊ မြေအကျိုးတော်ဆောင် လောကတွင် မကြားဖူး၊ မမြင်ဖူးသော ၁.၈၃၆ ဧက ရှိသော ပါမစ်အတုကြီးပင် ပိုင်ဆိုင်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးတော်ဆောင်များခင်ဗျာ -
ထို့ကဲ့သို့ (1.836) ဧက နီးပါးရှိသော မြေနေရာမျိုးကို အရောင်းအဝယ် ပြုလုပ်ဖူးပါသလား ခင်ဗျာ? အဲ့လောက်ကျယ်ဝန်းသော ပါမစ်မျိုးကိုရော ကြားဖူးပါရဲ့လား ခင်ဗျာ? ခင်ဗျားတို့ရဲ့တစ်သက်မှာရော ဒီလိုမသမာမှုမျိုး ကြုံဖူးပါရဲ့လား။
ဒေါ်ခင်ခင်စိုးမှ လဘ်ပေးလဘ်ယူပြုလုပ်ကာ စည်ပင်သာယာရေးဝန်ထမ်းများမှ အဂတိလိုက်စား၍ ချထားပေးသော ထိုမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနှင့် ဝိဓူရလမ်းကြားတွင်ဖြစ်ပါသည်။
ယခုအခါ ဒလမြို့နယ်စည်ပင်ရုံးမှ ထိုနေရာတွင် နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူလူထုအား ၎င်းတို့၏ လုပ်ငန်းလိုင်စင်များကိုပါ သက်တမ်းတိုးခွင့်မပြုဘဲ ကန့်ကွက်ထားသည်မှာ အဂတိမှုများ ပေါ်လွင်ထင်ရှားလျက်ရှိသည်။
ပြည်သူများမှ မိမိတို့နေထိုင်သောနေရာများကို ဂရန်ချထားပေးပါရန် ဘိုးဘွားပိုင်အထောက်အထားများ၊ လုပ်ငန်းလိုင်စင်များနှင့် သက်ဆိုင်ရာ ထောက်ခံချက်များဖြင့် သွားရောက်လျောက်ထားသည့်အခါ ချထားမပေးဘဲ ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေါ်ခင်ခင်စိုးအား ပါမစ်ချပေးခြင်းမှာ ပြည်သူလူထူ၏ အိုးအိမ်စည်းစိမ်ကို ကိုယ်ပိုင်အဖြစ် သုံးစွဲမှု၊ အဂတိလိုက်စားမှုပင် ဖြစ်သည်။
ရပ်ကွက်နေပြည်သူလူထုမှ ဒေါ်ခင်ခင်စိုး၏ ခြံစည်းရိုးခတ်ခြင်း၊ ကျူးကျော်ခြင်းများကို လက်မခံကြောင်း၊ ကန့်ကွက်ခြင်းများကို အများပြည်သူလူထုမှ ဌာနဆိုင်ရာများထံ အကြိမ်ကြိမ် အသိပေးတိုင်ကြားထားပြီး ဖြစ်ပါသည်။
သို့သော်လည်း ဒေါ်ခင်ခင်စိုးသည် 25.5.2024ရက် (စနေနေ့) တွင် ပြည်သူလူထုပိုင် အိုးအိမ်းများကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ကျူးကျော်၍ ခြံစည်းရိုးခတ်ခြင်းကို တတိယအကြိမ် ပြုလုပ်လာခဲ့ပါသည်။
အထက်ပါ အကြောင်းအရာကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးမှ တာဝန်ရှိလူကြီးမင်များသိရှိပြီး တရားဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
ပြည်သူများ နေထိုင်လုပ်ကိုင်လျက်ရှိသော်လည်း မသမာသော ဝန်ထမ်းများမှ ဒေါ်ခင်ခင်စိုးအား ချထားပေးသော ပါမစ်အတုအား ဖော်ပြလိုက်ပါသည်။ တခြားပါမစ်အတုများလည်း ရှိနိုင်သည်။
နစ်နာသူ ပြည်သူတစ်ဦး
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment