ဟုမ္မလင်း၌ ၂၀၂၄ ခုနှစ်အတွက် အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး ပိုစတာထိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်း၌ ၂၀၂၄ ခုနှစ်အတွက် အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး ပိုစတာထိုက်ထူ


ဟုမ္မလင်း၊ ဇွန် ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်ဗဟို သန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်မှုဖြင့် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၉)နာရီက လူစည်ကားရာနေရာဖြစ်သော ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့်ဇီဝကလမ်းထောင့်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့လမ်းဆုံနေရာတို့တွင် ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း နံနက်(၇)နာရီမှ ညနေ(၆)နာရီအထိ (၁၅)ရက်ကြာသန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ နေအိမ်သို့ သန်းခေါင်စာရင်းကောက်ယူရန် ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိခြင်း/မရှိခြင်း နိုင်ငံသားစစ်ရေးကက်ပြားရှိခြင်း/မရှိခြင်း၊ တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းနှင့်မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်​ကြောင်း၊ သန်းခေါင်စာရင်းတွင် အိမ်အကြောင်းအရာအချက်အလက်များ ကောက်ယူခြင်းသည် ပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ကြောင်း၊ နိုင်ငံခြားသို့ရောက်ရှိနေသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်စရာမလိုကြောင်း၊ မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ချက်များအရ သိရသည်။


ဟုမ္မလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)