Pages

Pages

ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် (၃၉) ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာစာမေးပွဲ (မြို့နယ်အဆင့်) ဘာသာရပ်အလိုက် စာမေးပွဲဖြေဆို



ဝေါ၊ ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းခိုင်သဇင်ဆောင်၌ ဇွန်လ(၁)နေ့နံနက်(၁၁)နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃၉)ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာစာမေးပွဲ (မြို့နယ်အဆင့်)ဘာသာရပ်အလိုက် စာမေးပွဲကို မြို့နယ်အတွင်းရှိ ထက်၊ လယ်၊  မူ ကျောင်းသား၊ ကျောင်းသူများဝင်ရောက် ဖြေဆိုခဲ့ကြသည်။

စာမေးပွဲတွင် ယဉ်ကျးမှုကျင့်ဝတ်ဘာသာ(၆၆)ဦးတွင် ဖြေဆိုသူ(၆၆)ဦး၊ ဗုဒ္ဓဘာသာမြန်မာစာ ဘာသာ(၃၇)ဦးတွင် ဖြေဆိုသူ(၃၇)ဦး၊ အခြေခံအဘိဓမ္မာဘာသာ(၁၂)ဦးတွင် ဖြေဆိုသူ(၁၂)ဦး ဝင်ရောက် ဖြေဆိုကြသည်။

အဆိုပါ စာမေးပွဲကို ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကြီးကြပ်မှုကော်မတီဝင်ဆရာတော်များ၊ မြို့နယ်သာသနာ့နုဂ္ဂအဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်မြတ်လင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment