မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်လှူဒါန်း





ရန်ကုန်  ၊  ဇွန်  ၂၆


မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များပေးအပ်လှူဒါန်းပွဲအခမ်းအနား ယမန်နေ့မွန်းလွဲ (၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ စာပေဆိုသည်မှာ နိုင်ငံနှင့် လူမျိုး၏ အသက်ဝိညာဉ်ပင်ဖြစ်ပါကြောင်း၊ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ခန္ဓာနှင့်တူပြီး စာပေယဉ်ကျေးမှုထွန်းကားသော လူမျိုးများသည် ကမ္ဘာပေါ်တွင် သက်သောင့်သက်သာနေနိုင်သော လူမျိုးအဖြစ် ရပ်တည်နေနိုင်ကြသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအနေဖြင့် စာပေအသိပညာဗဟုသုတ ထွန်းကားနေစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားတွေ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းနေတာကို တွေ့ရှိရသည့်အတွက် တိုင်းရင်းသားပြည်သူတွေ စာတတ်မြောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်အတွက် လူထုသိပ္ပံကျမ်းစာအုပ် ၆၂၅ အုပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးတွင် စာကြည့်တိုက် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖွင့်လှစ်ထားရှိသော စာကြည့်တိုက် ၁၂၅ တိုက်အတွက် ရန်ပုံငွေပေါင်း ၁၈၆၀ သိန်း တန်ဖိုးရှိ စာအုပ် စာစောင်ပေါင်း ၆၈၅၅၅ အုပ်ကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် စာကြည့်တိုက်မှူးများရဲ့၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် စာကြည့်တိုက်ပညာသင်တန်း ၄ ကြိမ်တွင် သင်တန်းသား ၂၀၀ ဦးအား ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)