Pages

Pages

ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူတို့ တွေ့ဆုံပွဲပြုလုပ်






ရွှေသောင်ယံ၊ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာအသင်းတော်ခန်းမဆောင်တွင် မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်   ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းသန့်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံမှာကြားရာ ရှေးဦးစွာပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း ဆောင်တာများကိုပြောကြားပြီး  ပြည်သူများမှ တင်ပြလာသော ဒေသလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းသန့်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများ၊ ရွှေသောင်ယံမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment