Pages

Pages

မြစ်သားမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ် (၄၀၀) ဦးအား မင်းကုန်း ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်သင်ကြား



မြစ်သား၊ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းပရိယတ္တိစာသင်တိုက်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ မင်းကုန်းဓမ္မစကူးလ်သင်တန်းကို တနင်္ဂနွေနေ့ အပတ်စဉ်တိုင်း ဗုဒ္ဓဘာသာသင်တန်းကျောင်း ဖွင့်လှစ်ရာတွင် ဗုဒ္ဓသာသနာတော်နှင့်  နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သားသမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ငြိမ်းချမ်းသာယာသော လူအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းကုန်းဓမ္မစကူးလ်သင်တန်းဖွင့်ပွဲတွင် မင်းကုန်းစာသင်တိုက် ပဓာန နာယက (တိုင်းဒေသကြီး သံဃနာ  ယက အဖွဲ့ဝင်) ဆရာတော်ကြီး ဘဒ္ဒန္တဃောသိတ (ဂန္တဝါစကပဏ္ဍိတ) မဟာထေရ်မှ သြဝါဒကထာမိန့်ကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာတော် ဦးကေလာသမှ သင်တန်းဖြစ်မြောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းပို့ချပေးရခြင်းနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကြီးက အနယ်နယ်အရပ်ရပ်တွင် ဓမ္မစကူးလ်များကို တည်ထောင်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများ၊ ဆရာတော်သံဃာတော်များ၊ သာသနာအကျိုးဆောင် ဒါယိကာ၊ ဒါယိကာမများနှင့်ပူးပေါင်းပြီး  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မင်းကုန်းဓမ္မစကူးလ်သင်တန်းကို မင်းကုန်းစာသင်တိုက်မှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီး၊ တာဝန်ခံကျောင်းအုပ်ဆရာတော် (၁) ပါး၊ သင်ကြားပို့ချမည့် ဆရာတော် (၄) ပါး၊ ဆရာ/ဆရာမ (၁၃) ဦးနှင့် မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ် (၄၀၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၉.၆.၂၀၂၄) မှ (၄.၃.၂၀၂၅) အထိ (၉) လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment