Pages

Pages

ဘရာဇီးလျားမြို့အခြေစိုက် သံရုံးအကြီးအကဲဇနီးများ အသင်း၏ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ



ဘရာဇီးလျား၊ ဇွန် ၃

ဘရာဇီးလ်နိုင်ငံရှိ နိုင်ငံခြားသံရုံးအကြီးအကဲများ၏ ဇနီးများဖြင့် ဖွဲ့စည်းထားသည့် GCCM – Grupo dos Cônjuges dos Chefes de Missão (Spouses of Heads of Mission Group) မှ ကြီးမှူး၍ ဈေးရောင်းပွဲတော်ကို ၁-၆-၂၀၂၄ ရက်၊ ၁၀၀၀ နာရီမှ ၁၆ ၀၀ နာရီအထိ ဘရာဇီးလျားမြို့၊ အနုပညာပြတိုက်၌ ကျင်းပခဲ့သည်။

ဈေးရောင်းပွဲတော်တွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ နှင့် ဗီယက်နမ် စသည့် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံသံရုံး (၇)ရုံးမှ အာဆီယံ ကိုယ်စားပြုလျက် စုပေါင်းကာ အခြားသော နိုင်ငံခြားသံရုံးပေါင်း (၅၀) ကျော်နှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဈေးရောင်းပွဲတော်တွင်  မြန်မာသံအမတ်ကြီးနှင့် ဇနီးနှင့် သံရုံးဝန်ထမ်းများက အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်နှင့် မြန်မာ့လက်မှုပစ္စည်းများကို ခင်းကျင်း ရောင်းချခဲ့ပြီး  ပေါ်တူဂီဘာသာစကားဖြင့် ပြုစုထားသည့် မြန်မာနိုင်ငံအတွင်း ခရီးသွား လည်ပတ်ကြည့်ရှု နိုင်မည့် နေရာဒေသဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

GCCM အနေဖြင့် ဈေးရောင်းပွဲတော်မှ ရရှိသည့် ရန်ပုံငွေများကို ဘရာဇီးလ်နိုင်ငံရှိ မိဘမဲ့ ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် ပရဟိတအသင်း အဖွဲ့များမှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment