Pages

Pages

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ





ပေါင်၊ ဇွန်  ၂၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ဇွန် (၂၈) နံနက်(၇)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊

ဆီတစ်ပိသာ(၆၂၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံး (၂၅၀၀)ကျပ် စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေး ဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment