Pages

Pages

ခန္တီးမြို့နယ်၌ မြန်မာ့တိုက်လိပ် အကောင်(၅၀)အား ချင်းတွင်းမြစ်အတွင်း အပြီးတိုင်စေလွှတ်



ခန္တီး  ၊  ဇွန်  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လင်းဖားကျေးရွာအနီးရှိ ချင်းတွင်းမြစ်ရေပေါ်ခြံတွင် ညင်သာစွာ စေလွှတ်ခြင်းစနစ် (Soft Release)ဖြင့် စေလွှတ်ထားသော အရွယ်ရောက် တိုက်လိပ်အထီး (၂၅)ကောင်နှင့် အမ(၂၅)ကောင် စုစုပေါင်း အကောင်(၅၀)အား ချင်းတွင်းမြစ်အတွင်းသို့ အပြီးတိုင်စေလွှတ်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာ့အရွယ်ရောက် တိုက်လိပ်အကောင်(၅၀)အား သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဉီးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားဌက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ထမံသီတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ၊ ဒေသခံပြည်သူများက ချင်းတွင်းမြစ်အတွင်း အပြီးတိုင်စေလွှတ်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment