Pages

Pages

အမရပူရမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် စာရင်းရေသွင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

 


အမရပူရ ၊  ဇွန်  ၂၆


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းနေထိုင်သူများ အတည်ပြုလူဦးရေစာရင်း မှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးတွင် ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာရင်းများရေးသွင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စာရင်းများမှားယွင်းမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။


အဆိုပါ စာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိ ဒေါ်နန်းအေးမိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုဝင်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment