Pages

Pages

နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်


မန္တလေး၊ ဇွန် ၂၀

နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယမန်နေ့က သွားရောက်ဖူးမြော်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီတဂူဝိပဿနာ အကယ်ဒမီကျောင်း၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်သို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆရာတော်ကြီးအား ဖူးမြော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများ နှင့်စေတီများရှိ သမိုင်းတန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများ ဖော်ထုတ်ရေး၊ ရှေးမူမပျက်ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သီတဂူဆရာတော်ကြီးထံက ဩဝါဒများခံယူပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment