Pages

Pages

၂၀၂၃ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည့် အခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်





ဂျကာတာ၊ ဇွန် ၁၀

၂၀၂၃ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ (ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) တို့ကို ဖြေဆို အောင်မြင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည့် အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးကျောင်း (Dhammavihari Buddhist Studies) တွင် ၉-၆-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးအောင်မျိုးမြင့် ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အဘိဓမ္မာ တရားတော်နှင့် ဗုဒ္ဓဘာသာ အခြေခံ တရားတော်များကို ဦးစီးသင်ကြား ပို့ချနေသည့် ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးကျောင်း၏ ဥက္ကဋ္ဌ၊ ဆရာတော် အရှင်ခေမိန္ဒ၊ အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာအသိုက်အဝန်းဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Dr. Supriyadi, M.Pd.၊ မြန်မာသံရုံး၊ ဂျကာတာမြို့မှ သံရုံးဝန်ထမ်းများ၊ အဘိဓမ္မာ စာမေးပွဲ ဖြေဆိုအောင်မြင်သူများနှင့် ထေရဝါဒဗုဒ္ဓဘာသာကို လေ့လာသင်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံသားများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် ၂၀၂၃ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ ပထမအဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၉) ဦး၊ ဒုတိယအဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၉) ဦးနှင့် တတိယအဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၁) ဦး စုစုပေါင်း (၄၆) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment