Pages

Pages

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော် (၁) ပါးအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို မြန်မာသံရုံး၊ ဒါကာမြို့၌ ကျင်းပ




ဒါကာ၊ ဇွန် ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Khagrachari ခရိုင်၊ ဗိုလ်လီပါရာကျေးရွာ၊ သက္ကျာမုဏီသာသနာပြုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပညာဝံသအား ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်း အခမ်းအနားကို ၂၁-၆-၂၀၂၄ ရက်တွင် မြန်မာသံရုံး၊ ဒါကာမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် စိုးညွန့်နှင့် ဇနီး၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒါကာမြို့နှင့် စစ်တကောင်းမြို့တို့မှ သံဃာတော် ၅ ပါး ကြွရောက်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနား၌ သံအမတ်ကြီး ဦးကျော်စိုးမိုးမှ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဆရာတော် ဘဒ္ဒန္တအရှင်ပညာဝံသအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့သည်။

ယင်းနောက် သံအမတ်ကြီးဦးကျော်စိုးမိုးမှ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် ကြွရောက် ချီးမြှင့်သည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment