ကျောက်မဲမြို့၊ ရန်သူ့လက်ထဲ ကျရောက်ခြင်း မရှိကြောင်း ဒေသခံ ဆက်သွယ်ပြောဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့၊ ရန်သူ့လက်ထဲ ကျရောက်ခြင်း မရှိကြောင်း ဒေသခံ ဆက်သွယ်ပြောဆို


ကျောက်မဲ၊ ဇွန် ၂၆

ရှမ်းပြည် (မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲတို့တွင် TNLA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များနှင့် တပ်မတော် စစ်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ကောလဟာလ သတင်းများတွင် ကျောက်မဲမြို့ကို အကြမ်းဖက်အဖွဲ့များက သိမ်းပိုက်ထားသယောင် ရေးသားဖြန့်ဝေ နေသော်လည်း ကျောက်မဲမြို့မှာ အကြမ်းဖက်အဖွဲ့များ လက်တွင်းသို့ ကျရောက်ခြင်း မရှိကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုသည်။

ယနေ့ ကျောက်မဲမြို့တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့် ပတ်သက်၍ ဒေသခံက "TNLA အကြမ်းဖက်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီး ဈေးထဲ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရန်သူလက်ထဲ ကျသွားတာတော့ မှန်တယ်။ တပ်စခန်းတွေ ကျတာတွေ မဟုတ်ဘူး။ တပ်မတော်သားများထဲမှာလည်း ငါသေမှ ငါ့စခန်းရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကာကွယ်နေကြသူတွေ ရှိပါတယ်။ မြို့ထဲမှာတော့ TNLA အကြမ်းဖက်အင်အား များနေတယ်။ အရေအတွက်ကိုတော့ မသိဘူး။ မြို့ကို သိမ်းပိုက်တာမျိုးတော့ မလုပ်နိုင်ပါဘူး။" ဟု ဆက်သွယ်ပြောဆိုသည်။


(ယနေ့ ည (၁၀ ၁၅) အချိန် ကျောက်မဲမြို့ ရန်သူသိမ်းပိုက်သွားပြီဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံက ဆက်သွယ်ပြောဆိုသည့်အပေါ် အများပြည်သူ သိရှိစေရန် တင်ပြပေးခြင်း ဖြစ်ပါသည်။)


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)