တိုးဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး ကွန်ပျူတာစနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဒုတိယဝန်ကြီး ဦးဝင်းဖေ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုးဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး ကွန်ပျူတာစနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဒုတိယဝန်ကြီး ဦးဝင်းဖေ မှာကြား



နေပြည်တော်၊ ဇွန် ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန် လမ်းပိုင်း)ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီလမ်းဆုံတိုးဂိတ်၌ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေ၊ မီးရရှိမှုနှင့် တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တိုးဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်း အရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာစာရင်းရေးသွင်းရေး၊ တိုးဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး ကွန်ပျူတာစနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ တိုးဂိတ်ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကောက်ခံရရှိမှု စာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှသတ်မှတ်ထားသည့် ပုံစံအတိုင်းလိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)တစ်လျှောက်ရှိ တိုးဂိတ်များဖြစ်ကြသည့် တောင်ငူတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနက်ကြီးတိုးဂိတ်၊ အမှတ်(၃)လမ်းဆုံ တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)