တရုတ်ဘဏ်ငယ်များ ရုရှားနှင့် ဆက်ဆံနေမှုကို သတိပေးရန် G7 နိုင်ငံများက စီစဉ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ဘဏ်ငယ်များ ရုရှားနှင့် ဆက်ဆံနေမှုကို သတိပေးရန် G7 နိုင်ငံများက စီစဉ်နေ


ဝါရှင်တန်၊ ဇွန် ၁၀

အီတလီနိုင်ငံ၌ ပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံနှင့် ဆက်စပ်မှုများကြောင့် တရုတ်ဘဏ်ငယ်များအား သတိပေးချက် ထုတ်ပြန်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။

"ဝန်ကြီးချုပ် Giorgia Meloni က လက်ခံကျင်းပတဲ့ အီတလီမှာ ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်အထိ ထိပ်သီးစည်းဝေးပွဲတွေမှာ ခေါင်းဆောင်တွေဟာ ယူကရိန်းအရေး၊ တရုတ်-ရုရှား ကုန်သွယ်ရေး အရှိန်မြှင့်လာနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သီးသန့်အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ အဆိုပါ ပြောဆိုမှုများသည် တရုတ်ဘဏ်များနှင့် ပတ်သက်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက် ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ ပွဲစီစဉ်ရာတွင် ပါဝင်သည့် အမေရိကန် အရာရှိ တစ်ဦးနှင့် အခြားသူတစ်ဦးမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း” ဟု Reuters တွင် ရေးသားထားသည်။

အမေရိကန်အစိုးရသည် ရုရှား၏ စစ်ရေးနှင့် စက်မှုဆိုင်ရာ ကဏ္ဍများအတွက် ဘေဂျင်း၏ ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ်  ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်သည်ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)