Pages

Pages

ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

 



ဥတ္တရသီရိ   ၊  ဇွန်  ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အခမဲ့ငှားရမ်းပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ၊ ရသ စာအုပ်များကို စာဖတ်ပရိတ်သတ်အကြိုက် ငှားရမ်းပေးခဲ့သည်။


အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း


https://t.me/MyanmarNationalPost

No comments:

Post a Comment