Pages

Pages

သရက်မြို့တွင် PDF အဖွဲ့ဝင် ၄ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်




သရက်၊ ဇွန် ၁၄

နိုင်ငံတော်အစိုးရက PDF အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသော လူငယ်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

ထိုကဲ့သို့ ရာဇဝတ်ကြောင်းအရ ပြစ်မှုကျခံရလောက်သည့် ပြစ်မှုကျူးလွန်ထားခြင်း မရှိသူများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ခွင့်ပြုပေးလျက်ရှိရာ ယနေ့ သရက်မြို့နယ်တွင် PDF အဖွဲ့ဝင် ၄ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment