Pages

Pages

အာဆီယံအမျိုးသမီးများအဖွဲ့၏ အလှည့်ကျ Tea Gathering တွေ့ဆုံမှုကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ လက်ခံကျင်းပ




ပေကျင်း၊ ဇွန် ၂၀

ပေကျင်းမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများ ဦးဆောင်ပြီး အာဆီယံသံရုံး အမျိုးသမီးများမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာဆီယံအမျိုးသမီးအဖွဲ့ (ASEAN Ladies Circle-Beijing) ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် Tea Gathering လှုပ်ရှားမှုကို ၁၉-၆-၂၀၂၄ ရက်နေ့၌ မြန်မာသံရုံး၊ ပေကျင်းမြို့တွင် လက်ခံကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီး၏ဇနီးဖြစ်သူ ဒေါ်မိမိမော်က နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် ကျောင်းသူများက တိုင်းရင်းသား လူမျိုးများအလိုက် ရိုးရာယဉ်ကျေးမှု ဝတ်စုံများကို ဝတ်ဆင်ပြသ၍ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment