Pages

Pages

မင်းလှမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်



မင်းလှ၊ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခံရသည်အိမ်‌ထောင်စုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

အဆိုပါ‌ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ကေသီမြင့်တို့က ထန်းပင်ကုန်းအုပ်စုရှိ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၇၈)ဦးအတွက် (၃၇၃၈၀၀) ကျပ်၊ ဒီလှိုင်းအုပ်စုရှိအိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၁၁၆)ဦးအတွက် (၂၄၃၆၀၀) ကျပ်၊ သဲကောအုပ်စုရှိ အိမ်ထောင်စု(၇၄)စု၊ လူဦး ရေ (၂၈၆)ဦးအတွက် (၆၀၀၆၀၀) ကျပ် စုစုပေါင်းအိမ်ထောင်စု (၁၄၄)စု၊ လူဦးရေ (၆၈၀)ဦးအ တွက် (၁၂၁၈၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပေါက်စ

#MyanmarNationalPost

No comments:

Post a Comment