Pages

Pages

တံတားဦးမြို့နယ်တွင် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ ရောင်းချပေး


တံတားဦး၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီများကို စုရပ်နေရာအသီးသီတွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ပြည်သူများအား စားသုံးဆီများ ရောင်းချရာတွင်  အိမ်ထောင်စုတစ်စုအား စားသုံးဆီ(၁)ပိဿာလျှင် ငွေကျပ်(၆၂၆၀)ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ယနေ့တွင် ဦးရန်အောင်စားသုံးဆီအရောင်းဆိုင်မှ ဆီပဿာချိန်(၂၂၀)ပိဿာ၊ ဦးသိန်းဝင်းစားသုံးဆီအရောင်းဆိုင်မှ ဆီပဿာချိန်(၂၂၀)ပိဿာ၊ ဦးအောင်ကျော်ငွေစားသုံးဆီအရောင်းဆိုင်မှ ဆီပဿာချိန်(၂၂၀)ပိဿာ၊ ဦးတင်မိုးစားသုံးဆီအရောင်းဆိုင်မှ ဆီပဿာချိန်(၂၂၀)ပိဿာနှင့် ဒေါ်သန်းသန်းဦးစားသုံးဆီအရောင်းဆိုင်မှ ဆီပဿာချိန်(၃၃၀)ပိဿာတို့ကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်ဆီကုန်သည်များအသင်းဥက္ကဋ္ဌထံမှ သိရသည် ။


ရဲတင့်

#MyanmarNationalPost

No comments:

Post a Comment